Local News

ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်ပြီးကုန်စည်ဒိုင်များ၏ စျေးနှုန်းနှင့် ရောင်းဝယ်မှုအခြေအနေ

Last Updated:

ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်ပြီးကုန်စည်ဒိုင် (၅) ခုအနက် ကျောက်တော်ဆန်စပါးကုန်စည် ဒိုင်(၁)ခုသာ အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ထပ်မံဖွင့်လှစ်ရန် ကုန်စည်ဒိုင် (၂) ခု လျာထားခဲ့သည့်အနက်မှ မင်းပြား ဆန်စပါးကုန်စည်ဒိုင်သည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကော်မတီအဖွဲ့ဝင် (၁၁) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုလက်ရှိ မင်းပြားမြို့နယ် တာဝန်ခံရုံးတွင် ၂၀၁၆ ခုနှစ်၊ မတ်လ ပထမပတ်မှစ၍ အရောင်းအဝယ်စဖြစ်ခဲ့ပါသည်။  ၎င်းကုန် စည်ဒိုင်များ၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း အခြေအနေများမှာ -

(က)ကျောက်တော်ဆန်စပါးကုန်စည်ဒိုင်။  ကျောက်တော်ဆန်စပါးကုန်စည်ဒိုင်တွင် ယခုတစ်ပတ် စပါးစျေးနှုန်းများ စျေးနှုန်းမြင့်တက်ခဲ့ပြီး၊ အရောင်း အဝယ် ဖြစ်မှု အခြေ အနေမှာ ယခင်တစ်ပတ်ထက် ပိုမိုခဲ့ပါသည်။

(ခ)မင်းပြားဆန်စပါးကုန်စည်ဒိုင်။ မင်းပြားဆန်စပါးကုန်စည်ဒိုင်တွင် ယခုတစ်ပတ် စပါးစျေးနှုန်းများမြင့်တက်ခဲ့ပြီး၊ အရောင်းအဝယ်ဖြစ်မှုအခြေ အနေမှာ ယခင်တစ်ပတ် ထက် ပိုမိုခဲ့ပါသည်။

Category: Local News